မာကျူရီ သင်တန်း၏ အထွေထွေ သတင်းမှတ်စု

မာကျူရီ ပညာရေး မိသားစု၏ ၆ကြိမ်မြောက် ၀ါဆိုသင်္ကန်း ကပ်လှူပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြီးဆီး

August 22, 2010

၂၀၁၀-၂၀၁၁ ပညာသင်နှစ် မာကျူရီ ပညာရေး မိသားစု၏ (၆) ကြိမ်မြောက် ၀ါဆိုသင်္ကန်း ကပ်လှူပွဲနှင့် ပညာရည်ချွန် ဆုပေးပွဲ  အခမ်းအနားကို (၁၅.၈. ၂၀၁၀) တွင် ရန်ကုန်မြို့ ဗားကရာလမ်း မူလဥယျာဉ် ကျောင်းတိုက် ဓမ္မာရုံတွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။


 

http://i277.photobucket.com/albums/kk61/Thu_Rein/dropping_water.jpg

ရှေးဦးစွာ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်ပြီးနောက် နံနက်၈နာရီတွင် ဥယျာဉ်ကျောင်းတိုက် နာယက ဆရာတော်ထံတွင် ငါးပါးသီလ ဆောက်တည်ခဲ့ပါသည်။ ထို့နောက် ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ စုပေါင်းလှူဒါန်းထားသော သင်္ကန်း (၅၂)စုံနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆရာတော်၊ သံဃာတော်များအား ဆပ်ကပ်လှူဒါန်းပြီးနောက် ရေစက်သွန်းချ အမျှဝေခဲ့ပါသည်။

ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပြီးနောက် ၂၀၁၀-၂၀၁၁ ပညာသင်နှစ် လစဉ်စစ်ဆေးသော စာမေးပွဲများတွင် ထူချွန်စွာ ဖြေဆိုနိုင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပါသည်။

http://i277.photobucket.com/albums/kk61/Thu_Rein/giving_prize.jpg

သင်တန်းတွင်း ကျောင်းသား၊ ကျောင်းသူ များအား ဆုချီးမြှင့်ပြီးနောက် ပညာရည်ချွန် ဆုပေးပွဲ၏ ဒုတိယပိုင်း အနေဖြင့် ၂၀၀၉- ၂၀၁၀ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၃၅) ယောက်အား ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေများကို ဆက်လက်ချီးမြှင့် ခဲ့ပါသည်။

http://i277.photobucket.com/albums/kk61/Thu_Rein/outstanding_students.jpg

ဆုချီးမြှင့်ခြင်းအစီအစဉ် ပြီးဆုံးပြီးနောက် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ဆုရကျောင်းသား မောင်ပိုင်ခန့်ကိုကို မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ 

http://i277.photobucket.com/albums/kk61/Thu_Rein/pkkk.jpg

ထို့နောက် သင်တန်းအုပ်ချုပ်ရေးမှူး ဆရာ ဦးဗိုလ်တင့်မှ နှုတ်ခွန်းဆက် စကား ပြောကြားပြီးနောက်  မာကျူရီ ပညာရေး မိသားစု၏ (၆) ကြိမ်မြောက် ၀ါဆိုသင်္ကန်း ကပ်လှူပွဲနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

http://i277.photobucket.com/albums/kk61/Thu_Rein/teachers_and_students.jpg

 

မာကျူရီသင်တန်းကျောင်း၏၂၀၁၀ တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ်များထုတ်ပြန်

June 16, 2010

၁၃.၆.၂၀၁၀ တွင် ထုတ်ပြန်ခဲ့သော ၂၀၁၀ တက္ကသိုဝင်စာမေးပွဲ အောင်စာရင်းတွင် ဖြေဆိုအောင်မြင် ခဲ့ကြတဲ့ မာကျူရီပညာရေး သင်တန်းကျောင်းမှ သင်တန်းသား/သ...


Continue reading...
 

မြတ်ဆရာ ကန်တော့ပွဲ ကျင်းပပြီးဆီး

February 16, 2010
http://i627.photobucket.com/albums/tt352/Thu-Rein/My%20Photos/Mercury/0B-MXFK7Q3xLKZmUzNDI4ZDctYjcwZi00Mz.jpg


http://i627.photobucket.com/albums/tt352/Thu-Rein/My%20Photos/Mercury/0B-MXFK7Q3xLKOGVhMDBlYWEtMzljNC00ZD.jpg

မနေ့က သင်တန်းရဲ့ နောက်ဆုံးကာလမှာ သင်တန်းသားများက စုပေါင်းညီညွတ်စွာ မြတ်ဆရာပူဇ်ာပွဲ ကျင်းပခဲ့ပါတယ်။ နံနက်၉နာရီမှာ ဒသမတန်း (D+E)၊ နေ့လည် ၁နာရီမှာ ဒသမတန်း(A+B+C) နဲ့ ညနေ ၄နာရီမှာတော့ န၀မတ...

Continue reading...
 

ဇန်န၀ါရီလပတ် စာမေးပွဲ(န၀မတန်း) ဆုရကျောင်းသားစာရင်း

February 11, 2010

ဇန်န၀ါရီလပတ် စာမေးပွဲ(န...


Continue reading...
 

မာကျူရီ သင်တန်းကျောင်း၏ ထီးတော် ကပ်လှူပူဇော်ပွဲ

February 2, 2010
http://i627.photobucket.com/albums/tt352/Thu-Rein/My%20Photos/Mercury/mercurydonation.jpg

ရွှေတောင်မြို့ သရက်တောရပ်ကွက်၊ မဟာဝိဇိတာရုံ ကျောင်းတိုက်အတွင်း အသစ်တည်ထား ကိုးကွယ်တော် မူလိုက်သော အောင်ခြင်းဇေယျာ မြတ်သောတာ ဆုတောင်းပြည့် စေတီတော်တွင် မာကျူရီသင်တန်း၏ သင်တန်း...

Continue reading...
 

လပါတ်စာမေးပွဲ ကျင်းပပြီးစီး

February 1, 2010
မာကျူရီစင်တန်း၏ လစဉ်စာမေးပွဲကို ယနေ့ ( 1.2.2010) တွင် ကျင်းပပြီးစီးသွား ပြီဖြစ်ပါသည်။ ပုံမှန်သင်တန်းများကို မနက်ဖြန် ပြန်လည်စတင်သွားမည် ဖြစ်ပါသည်။ စာမေးပွဲစစ်ဆေးမှု ရလဒ်များနှင့် မှတ...

Continue reading...
 

သင်တန်းအစည်အဝေး ကျင်းပ

January 22, 2010
၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် သင်တန်း၏ စွမ်းဆောင်ရည် ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ၂၀၁၀ တက္ကသိုလ်  ၀င်တန်း စာမေးပွဲကို ကျောင်းသားသူများ အကာင်းဆုံးဖြေဆို အောင်မြင်နိုင်ရန်အတွက် ပို...

Continue reading...
 

မာကျူရီ website စတင်

January 13, 2010
ခေတ်စနစ်နှင့်အညီ မာကျူရီ သင်တန်း၏ ဆောင်ရွက်မှု အ၀၀ကို အချိန်နှင့် တပြေးညီသိရှိနိုင်ရန် www.mercury-educentre.com ကို စတင် လွှင့်တင်လိုက်ပါပြီ။ အပါတ်စဉ်၊လစဉ် ဆောင်ရွက်ပေးမှုများကို သတင်းအနေနှင့် ...

Continue reading...
 

 

free templates
Make a Free Website with Yola.