မာကျူရီ ဆိုသည်မှာ
(က)နိုင်ငံတော်၏ ဦးတည်ချက်ဖြစ်သော ကျန်းမာကြံ့ခိုင်၍ ပညာရည်မြင့်မားသော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ် ပေးနိုင်ရန်။(ခ) စာပေထူးချွန်၍ အကျင့်စာရိတ္တကောင်းမွန်မြင့်မြတ်သော၊ လိမ္မာရေးခြားရှိသော၊ ကျောင်းသား၊ ကျောင်းသူများ ထွန်းကားစေရန်။
(ဂ)ပညာရေးတွင် မိဘများ၏အားထားရာ ကျောင်းသားများ၏ မှီခိုရာ ပုဂ္ဂလိက ပညာရေး ၀န်ဆောင်မှုလုပ်ငန်း အဖြစ် ခိုင်မာစွာရပ်တည်၍ အထောက်
အကူပြုရန်။
ဟူသော ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် မာကျူရီ အာမခံစာသင်ဝိုင်းကို ဆရာဦးဗိုလ်တင့်(YU) နှင့် ဆရာမ ဒေါ်ယုယုမော်(M.Sc) တို့က ဦးစီး၍ တက်ကြွသော၊ ပညာရည်ပြည့်ဝသော လူငယ်ဆရာများ၏ စုစည်းမှုဖြင့် 2002 ခုနှစ်မှ စတင် ဖွင့်လှစ်ခဲ့ပါသည်။
မခိုမကပ် အတတ်သင်သော ဆရာများ၏ ကြိုးစားအားထုတ်မှု၊ ၀ိုင်းဝန်းပံ့ပိုးပေးသော လေ့ကျင့် ကျက်မှတ်မှု ဆိုင်ရာ Study Guide များ၏ လုံ့လ၊ ဆရာ့စကား မြေ၀ယ်မကျ နားထောင်၍ အစွမ်းကုန် ကြိုးပမ်းခဲ့ကြသော တပည့်တို့၏ ၀ီရယတို့ကြောင့် နှစ်စဉ် ထူးချွန်ကျောင်းသား များစွာကို မွေးထုတ်ပေး နိုင်ခဲ့သော အစဉ်အလာ ကြီးမားသည့် သင်တန်းကျောင်း တစ်ကျောင်းအဖြစ် (၈)နှစ်တိုင်တိုင် ရပ်တည်နိုင်ခဲ့ပါသည်။
နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အစဉ်အလာ ကြီးမားခဲ့သော ကျောင်းတစ်ကျောင်း၏ ဆောင်ရွက် ပေးနိုင်မှု အခြေအနေအရပ်ရပ်ကို အလွယ်တကူ သိရှိနိုင်ရန် ဤအင်တာနက် စာမျက်နှာကို မိဘပြည်သူတို့ ရှေ့မှောက်သို့ တင်ပြလိုက်ရ ပါသည်။
ဤစာ မျက်နှာပေါ်တွင် သင်တန်းကျောင်း၏ ကျောင်းအပ်လက်ခံမှုပုံစံ၊ သင်တန်းတွင်း သင်ကြားလေ့ကျင်းမှုပုံစံ၊ သင်းတန်းတွင်း လှုပ်ရှားဆောင်ရွက် မှုများ၊ လစဉ်စစ်ဆေးသော သင်တန်းတွင်း စာမေးပွဲများ၏ ရလဒ်များနှင့် ကျောင်းသား၊ ကျောင်းသူတို့၏ စွမ်းဆောင်ရည်မှတ်တမ်း အခါအားလျော်စွာ ထုတ်ပြန်မည့် သင်တန်း၏ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ဖေါ်ပြသွားမည် ဖြစ်ပါသည်။
မိဘအုပ်ထိန်းသူများ အနေဖြင့် သင်တန်းနှင့် ပတ်သက်သော သိရှိလိုသည့် အကြောင်းအရာများကို 01-228177 သို့ ဖုန်းဆက်၍ လည်းကောင်း 2002.mercury@gmail.com သို့ email ဖြင့်လည်းကောင်း ဆက်သွယ်စုံစမ်း မေမြန်းနိုင်ပါသည်။
မိဘဆရာပူးပေါင်း ကျောင်းသားပညာကောင်း ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တပည့်သားမြေးတို့၏ ပညာရေး ပိုမိုထူးချွန်ထက်မြက် လာစေရန် မိဘ အုပ်ထိမ်းသူများ၏ အပြုသဘော အကြံပြုမှုများကိုလည်း မာကျူရီ သင်တန်းကျောင်းမှ ထာဝရ လက်ကမ်းကြိုဆိုနေပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်း သည် တိုးတက်မှုကို အစဉ်ရှေးရှုသည်ဟု သင်တန်းမှ ခံယူထားပါသည်။