မာကျူရီမှ လက်ခံသင်ကြားပေးသော သင်တန်းများ
·         န၀မတန်းနှင့် တက္ကသိုလ်ဝင်တန်းများကို လက်ခံသင်ကြားပေးပါသည်။
·         ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် သင်တန်းများကို ဇန်န၀ါရီ (၇) ရက်နေ့မှ စတင် ကျောင်းအပ်လက်ခံပါမည်။
·         သင်တန်းများကို မတ်လ (၁၁) ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားပါမည်။
http://i627.photobucket.com/albums/tt352/Thu-Rein/My%20Photos/Mercury/divider.gif
မာကျူရီ သင်တန်းကျောင်း၏ တန်းခွဲစနစ်
[Grade (11)-တက္ကသိုလ်ဝင်တန်း]
  • ၁၅ ယောက် စာသင်ဝိုင်း
  • ၃၅ ယောက် စာသင်ဝိုင်း
  • နှစ်ပေါက် စခန်းသွင်းလေ့ကျင်ရေး ဘော်ဒါ
[Grade (10)-န၀မတန်း]
  • ၃၅ ယောက် စာသင်ဝိုင်း
  • နှစ်ပေါက် စခန်းသွင်းလေ့ကျင်ရေး ဘော်ဒါ
မှတ်ချက်
      http://images.multiply.com/common/smiles/thumbs_up.png စစ်ဆေးသည့် (Series) စာမေးပွဲတိုင်းကို (မပျက်မကွက်) ဖြေဆိုရမည်။
      http://images.multiply.com/common/smiles/thumbs_up.png စစ်ဆေးသည့် (Series) စာမေးပွဲတိုင်းကို သတ်မှတ်ရမှတ်များ ရရှိအောင် ဖြေဆိုနိုင်ရမည်။
      http://images.multiply.com/common/smiles/thumbs_up.png (၂)ကြိမ်ဆက်ကျရှုံးပါက မိဘနှင့်ခေါ်ယူတွေ့ဆုံမည်ဖြစ်ပြီး လိုအပ်သလို ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်သည်။
      http://images.multiply.com/common/smiles/thumbs_up.png စာမေးပွဲစစ်ဆေးပြီးစီးတိုင်း ပညာရည်တိုးတက်မှု မှတ်တမ်း၊ ကျောင်းသား/သူ အားလုံး၏ အမှတ်စာရင်းချုပ်ဆရာ/ဆရာမများ၏ မှတ်ချက်ပါ
           အဖြေလွှာများကို ပေးပို့မည်ဖြစ်ပြီး အုပ်ထိန်းသူမှ သိရှိကြောင်း လက်မှတ်ရေးထိုးပေးရမည်။
http://i627.photobucket.com/albums/tt352/Thu-Rein/My%20Photos/Mercury/divider.gif
မာကျူရီ သင်တန်းကျောင်း၏ သင်ကြားရေးဆိုင်ရာ ဆောင်ရွက်ပေးမှုများ
(၁)    ဒီဇင်ဘာ (  ၂  ) ရက်နေ့မှစ၍ ကျောင်းအပ်လက်ခံပြီး မတ်လ (၁၁)ရက် နေ့မှ စတင်သင်ကြားမည်။
(၂)    စာသင်ဝိုင်းများကို သတ်မှတ်ထားသော လူဦးရေ အတိုင်းသာ လက်ခံ သင်ကြားမည်။
(၃)    သင်ကြားရေးတွင် သင်ရိုးသာမက တက္ကသိုလ်ဝင် စာမေးပွဲအတွက် လိုအပ်သော မေးခွန်းဟောင်းများ၊ ဂျာနယ်များ၊ GCE မေးခွန်းများနှင့်    
          ပြင်ပအထွေထွေ လေ့ကျင့်ခန်းများကို လေ့ကျင့်သင်ကြားပေးသည်။
(၄)    လေ့ကျင့်သင်ကြားရန်အတွက် သင်တန်းမှ ထုတ်ဝေပေးသော စာအုပ်၊ စာရွက်စာတမ်းများ အားလုံး (အခမဲ့) ဖြစ်ပါသည်။
(၅)    ကျောင်းသား/သူများ၏ စာမေးပွဲရလဒ်များ၊ ကျောင်းတက်မှန်မှု၊ စာကြိုးစားမှု၊ စာရရှိမှု ဥာဏ်ရည် ဥာဏ်သွေး စသည်တို့အပေါ် မူတည်၍
         (၁၅)ယောက်ဝိုင်းကို ၀ိုင်း (၁)၊ (၂) နှင့် (၃၅) ယောက်ဝိုင်းကို ၀ိုင်း (A, B, C) ဟူ၍ ခွဲခြားသင်ကြားပေးပါမည်။
(၆)   အထူးသဖြင့် စာသင်ချိန်တိုင်းတွင် သင်ပြီးသင်ခန်းစာများကို နေ့စဉ်ပြန်လည်မေးမြန်း စစ်ဆေးပါသည်။ သတ်မှတ်ပေးထားသော သင်ခန်းစားများ
         မရခြင်း၊ ပြီးစီးခြင်း မရှိပါက သတ်မှတ်ပြစ်ဒဏ်ခံရမည် ဖြစ်ပြီး၊ အားနည်းချက်များရှိပါက အပိုချိန် ခေါ်ယူလေ့ကျင့်ပေးပါသည်။
(၇)   လေ့ကျင့်ခြင်းနှင့် သင်ကြားခြင်းပူးတွဲလုပ်ဆောင်သဖြင့် (ဒီဇင်ဘာ) သင်ရိုးလည်းကုန် စာလည်းညက်ပြီး ဖြစ်နေရမည်။ သင်ကြားခြင်းကို စာမေးပွဲ
         နောက်ဆုံးနေ့အထိ ကြပ်မတ်စစ်ဆေး လေ့ကျင့်သင်ကြားပေးသည်။ သင်ရိုးကုန်၍ အတန်းပိတ်ခြင်း၊ ရပ်ဆိုင်းခြင်းများ (လုံးဝ) မရှိပါ။
(၈)   Grade (A) အဆင့်ရှိ ကျောင်းသား/သူများကို ဘာသာစုံဂုဏ်ထူးရှင်များဖြစ်အောင် လေ့ကျင့်ပေးမည်ဖြစ်ပြီး၊ Grade(B) ဆင့်ရှိ ကျောင်းသား/
         သူများကို ထူးချွန်၊ အမှတ်ကောင်းစေရန် လေ့ကျင့်သင်ကြား ပေးပါသည်။ Grade(C) အဆင့် ကျောင်းသား/သူများကို မိဘ၊ ဆရာ၊ ကျောင်းသား
         သုံးဌာနဆွေးနွေးညှိနှိုင်းပြီး အောင်မြင်သည်အထိ လေ့ကျင့်သင်ကြားပေးပါသည်။
http://i627.photobucket.com/albums/tt352/Thu-Rein/My%20Photos/Mercury/divider.gif
မာကျူရီ သင်တန်းကျောင်း၏ လူမှုရေးဆိုင်ရာ ဆောင်ရွက်ပေးမှုများ
(၁) ၀ါဆိုလတွင် လပါတ်စာမေးပွဲများတွင် ထူချွန်စွာ ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသားသူများအတွက် ပထမအကြိမ် ဆုနှင်းသဘင်ပွဲနှင့်    
(၂) သီတင်းကျွတ်လတွင် ကျောင်းသား၊ကျောင်းသူများ၏ မြတ်ဆရာ ကန်တော့ပွဲကို ကျင်းပပါသည်။
(၃) တန်ဆောင်မုန်းလတွင် တစ်နှစ်တာ စာသင်နှစ်၏ နွယ်နယ်မှုများကို ဖြေလျော့ရန်၊ စိတ်လက်အပန်းပြေ ကြည်နူးစေရန် ဘုရာဖူးခရီးထွက်ခြင်း၊ နှင့်
      ထူးချွန် ကျောင်းသား၊သူများ၏ ဒုတိယအကြိမ်မြောက် ဆုနှင်းသဘင်ပွဲကို ကျင်းပပေးပါသည်။
(၄) ထို့ပြင် သက်ဆိုင်ရာ နေ့ထူးနေ့မြတ်တိုင်းတွင် ပဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ စသော ဘာသာရေးဆိုင်ရာ အခမ်းအနားများကို သင်တန်းဆရာ၊
      ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကျင်းပပါသည်။
http://i627.photobucket.com/albums/tt352/Thu-Rein/My%20Photos/Mercury/divider.gif
free templates
Make a Free Website with Yola.