မာကျူရီ၏ စည်ကမ်း
မာကျူရီသည် အနာဂတ်ရင်သွေးငယ်တို့၏ စာရိတ္တနှင့် စည်းကမ်းကို အစဉ်တိုးတက် ကောင်းမွန်ရေးကို ရှေးရှု၍ ထိန်းချုပ်၊ တင်းကျပ်ရန် မဟုတ်သော၊ လိုက်နာအပ်သော စည်းကမ်းများကို ချမှတ်ပါသည်။ ချမှတ်သော စည်ကမ်းများ ကိုလည်း သင်တန်းသား၊ သင်တန်းသူများက တိကျစွာ လိုက်နာရမည် ဖြစ်သည်။ အောက်ပါစည်းကမ်းများကို ဖောက်ဖျက်သော ကျောင်းသား၊သူများသည်
အပြစ်ကြီးငယ် အလိုက် ဒဏ်ငွေပေးဆောင်ခြင်း ကြိမ်ဒဏ်အပြစ်ပေးခြင်း၊
မိဘခေါ်ယူ
တွေ့ဆုံခြင်းများ ခံယူရမည်။
စာသင်ချိန်၊ စာကျက်ချိန် တိတိကျကျရောက်ရှိရမည်။
ခွင့်တိုင်ကြားခြင်းကို မိဘ (သို့) အုပ်ထိန်းသူကသာ တိုင်ကြားနိုင်သည်။ သင်တန်းချိန် နာရီဝက်အတွင်း ခွင့်တိုင်ကြားရန်နှင့် နာရီဝက်အတွင်း ခွင့်တိုင်ကြားခြင်းမရှိပါက
မိဘထံ အကြောင်းကြားပေးပါမည်။
အချိန်စာရင်းပါ သတ်မှတ်ထားသော ဘာသာရပ်ဆိုင်ရာ ပြဌာန်းစာအုပ်၊ လေ့ကျင့်ခန်းစာအုပ်၊ သင်တန်းတွင် လိုအပ်သော စာရွက်စာတမ်းများ ယူဆောင်လာရမည်။
စာသင်နေစဉ် မုန့်စားခြင်း၊ တစ်ဦးနှင့်တစ်ဦး စခြင်း၊ နောက်ခြင်း၊ စကားပြောခြင်းများကို လုံးဝခွင့်မပြုပါ။
စစ်မေးသော စာမေးပွဲများကို (မပျက်မကွက်) ဖြေဆိုရမည်။
စာသင်ကြားမှုကို အနှောက်အယှက်ဖြစ်စေသော ရိုင်းစိုင်းကြမ်းတမ်းသော အပြုအမှုအနေအထိုင်၊ အပြော အဆိုများကို ရှောင်ကြဉ်ရမည်။
ကျောင်းသား၊ ကျောင်းသူများသည် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီခြင်းမရှိသော ၀တ်စားဆင်ယင်မှုကို (လုံးဝ) ခွင့်မပြုပါ။
ကျောင်းသားများ နားကပ်နားဆွဲများ ၀တ်ဆင်ခြင်း၊ ဆံပင်ရှည်ထားခြင်းများ ဆေးဆိုးခြင်းများ (လုံးဝ) ခွင့်မပြုပါ။
သင်တန်းကြေးများကို လစဉ် လဆန်း (၅) ရက်အတွင်းပေးသွင်း ရမည်။
သင်တန်းမှ အခါအားလျော်စွာ ချမှတ်သော စည်းကမ်းများကို တိကျစွာ လိုက်နာရမည်။
အောက်ပါစည်းကမ်းချက်များကို ကျူးလွန်သော ကျောင်းသား၊သူများ သင်တန်းမှ ထုတ်ပယ်ခြင်းခံရမည်။
ကျောင်းသား၊ကျောင်းသူ အချင်းချင်းဖြစ်စေ၊ ဆရာ၊ဆရာမများကို ဖြစ်စေ ကာဣနြေ္ဒ ပျက်အောင် စနောက်ခြင်း၊ ပြောဆိုခြင်း၊ ပြုလုပ်ခြင်း။
ဆရာ၊ဆရာမ များ၏ ပြောဆိုဆုံးမအပြစ်ပေးမှုများကို ခုခံပြောဆိုခြင်း၊ နာခံမှုမရှိခြင်း။
ကျောင်းသား၊ကျောင်းသူ အချင်းချင်း ခိုက်ရန် ဒေါသ ဖြစ်ပွားခြင်း။
ကွမ်း၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း။
သမီးရည်းစားထားခြင်း။